သိုးသငယ်တော်/နှင့် တံဆိပ်/ခတ်ထားသော စာလိပ်
5
ထို့နောက် ရာဇပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော/အရှင်/၏ လက်ယာ/လက်/ထဲတွင် စာလိပ်/ကို ကျွန်ုပ်/မြင်ရ၏။ ထို/စာလိပ်/အတွင်း/အပြင်/နှစ်ဖက်လုံး/၌ စာများ/ရေးထား/၍ တံဆိပ်/ခုနစ်ခု/ဖြင့် ခတ်နှိပ်ထား၏။ 2 ထိုအခါ တန်ခိုးကြီးသော ကောင်းကင်တမန်/တစ်ပါး/က “မည်သူ/သည် တံဆိပ်/ခုနစ်ခု/ကို ခွာ/ပြီး စာလိပ်/ကို ဖွင့်/ရန် ထိုက်တန်/သနည်း” ဟု ကျယ်လောင်/စွာ ကြွေးကြော်နေသည်/ကို ကျွန်ုပ်/မြင်ရ၏။ 3 သို့သော် ကောင်းကင်/၌/ဖြစ်စေ၊ မြေကြီး/၌/ဖြစ်စေ၊ မြေကြီး/အောက်/၌/ဖြစ်စေ ထို/စာလိပ်/ကို ဖွင့်ကြည့်/ရန် မည်သူ/မျှ မတတ်စွမ်းနိုင်ပေ။ 4 ထို/စာလိပ်/ကို ဖွင့်ကြည့်/ရန် ထိုက်တန်သူ/တစ်ဦး/တစ်ယောက်/မျှ/မရှိသည်/ကို ကျွန်ုပ်/မြင်ရ/သောကြောင့် ရှိုက်ကြီးတငင်/ငိုကြွေးမိ၏။ 5 အကြီးအကဲ/တစ်ဦး/က “မငိုကြွေးနှင့်။ ယုဒ/အနွယ်/၏/ခြင်္သေ့၊ ဒါဝိဒ်/၏/အမြစ်/ဖြစ်သော အရှင်/သည် အောင်နိုင်ပြီ။ ထို/အရှင်/သည် တံဆိပ်/ခုနစ်ခု/ကို ခွာ/၍ စာလိပ်/ကို/ဖွင့်နိုင်သည်” ဟု ကျွန်ုပ်/အား ပြော၏။6 ထို့နောက် အသေသတ်/ခံရပြီး/သကဲ့သို့/ဖြစ်သော သိုးသငယ်တော်/ကို ကျွန်ုပ်/မြင်ရ၏။ ထို/သိုးသငယ်/သည် ရာဇပလ္လင်တော်/နှင့် သတ္တဝါ/လေးပါး/တို့/၏/အလယ်/၌ ရှိပြီး အကြီးအကဲ/တို့/က ဝန်းရံထား၏။ ထို/သိုးသငယ်တော်/၌ ချို/ခုနစ်ချောင်း/နှင့် မျက်လုံး/ခုနစ်လုံး/ရှိ၏။ ထို/မျက်လုံးတို့/သည် ကမ္ဘာမြေ/တစ်ခွင်လုံး/သို့ စေလွှတ်ခံရသော ဘုရားသခင်/၏ ဝိညာဉ်/ခုနစ်ပါး/ဖြစ်၏။ 7 သိုးသငယ်တော်/သည် ရာဇ/ပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော/အရှင်/၏ လက်ယာလက်/မှ စာလိပ်/ကို သွား/၍ ယူလေ၏။ 8 သိုးသငယ်တော်/သည် စာလိပ်/ကို ယူ/သောအခါ သတ္တဝါ/လေးပါး/နှင့် အကြီးအကဲ/နှစ်ဆယ့်လေးပါး/တို့/သည် သိုးသငယ်တော်/ရှေ့/၌ ဝပ်တွားခယကြ၏။ သူတို့/တစ်ဦးစီ/သည် စောင်း/ကို/လည်းကောင်း၊ အမွှေးနံ့သာ/နှင့်/ပြည့်သော ရွှေဖလား/ကို/လည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထို/ရွှေဖလား/၌/ရှိသော အမွှေးနံ့သာများ/သည် သန့်ရှင်းသူတို့/၏ ဆုတောင်းချက်များ/ကို ကိုယ်စားပြု၏။ 9 သူတို့/သည် သီချင်းသစ်/တစ်ပုဒ်/ကို သီဆိုကြ၏။ ထို/သီချင်း/မှာ
“ကိုယ်တော်/သည် စာလိပ်/ကို/ယူ/၍
တံဆိပ်/ကို/ခွာ/၍ ဖွင့်/ရန် ထိုက်တန်သော/အရှင်/ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်/သည် အသေ/သတ်ခံရ/၍
မျိုးနွယ်စု/အသီးသီး၊ ဘာသာစကား/အသီးသီး/ပြောသည့်/သူများ၊ လူမျိုး/အသီးသီး/နှင့် တိုင်းနိုင်ငံ/အသီးသီးတို့/ကို
ကိုယ်တော်/၏/အသွေးတော်/ဖြင့် ဘုရားသခင်/အတွက် ရွေးနုတ်/ကယ်တင်/သောကြောင့်/ဖြစ်၏။
10 ကိုယ်တော်/သည် ထို/သူတို့/အား ဘုရားသခင်/၏/လူမျိုးတော်/နှင့် ယဇ်ပုရောဟိတ်များ/ဖြစ်စေတော်မူ၏။
ထို/သူတို့/သည် ကမ္ဘာလောက/ကို အုပ်စိုးကြ/လိမ့်မည်”
ဟူ၍ ဖြစ်၏။
11 ထို့နောက် ကျွန်ုပ်/ကြည့်လိုက်/ရာ သိန်းသန်းကုဋေ/မက အတိုင်းမသိ/များပြားသော/ကောင်းကင်တမန်တို့/၏ ကြွေးကြော်သံ/ကို ကြားရ၏။ သူတို့/သည် ရာဇပလ္လင်တော်၊ သတ္တဝါ/လေးပါး/နှင့် အကြီးအကဲတို့/ကို ဝန်းရံထားကြ၏။ 12 ထို/သူတို့/က
“အသေသတ်/ခံရသော/သိုးသငယ်တော်/သည်
တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊
ဂုဏ်အသရေ၊ ဘုန်းအသရေ/နှင့် ချီးမွမ်းခြင်းတို့/ကို ခံယူ/ရန် ထိုက်တန်၏”
ဟု ကျယ်လောင်/စွာ ကြွေးကြော်ကြ၏။
13 ထို့ပြင် ကောင်းကင်၊ မြေကြီး၊ မြေကြီး/အောက်၊ ပင်လယ်/ထဲ/စသည့် နေရာ/အသီးသီး/၌ ရှိကြသော ဖန်ဆင်းခံ/သတ္တဝါ/အပေါင်းတို့/က
“ရာဇ/ပလ္လင်တော်/ပေါ်တွင် ထိုင်တော်မူသော/အရှင်/နှင့် သိုးသငယ်တော်/သည်
အစဉ်/ထာဝရ ချီးမွမ်းခြင်း/ကို ခံစား/၍ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ ဘုန်းတန်ခိုးတို့/နှင့် အစဉ်/ထာဝရ တည်ရှိပါစေသော”